မြန်မာ့ယဥ်ကျေးမှုအမွေအနှစ် ပုဂံ
ပုဂံသည် မြန်မာနိုင်ငံဇါ ပထမဆုံးသော ဘုရင် ဧကရာဇ် စနစ် ဇါ မြို့တော် အဖြစ်နှင့် စေတီ ဘုရားများ ပေါများသော နေရာဒေသ တစ်ခုအဖြစ် လူသိများ ကြသည်။ ပုဂံဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း; မန္တလေးတိုင်း ဒေသ ကြီး၊ ညောင်ဦးမြို့နယ် အတွင်း တည်ရှိသည်။ အေဒီ (၁၁) ရာစုတွင် အနော်ရထာမင်း (၁၀၄၄-၁၀၇၇) တည်ထောင် ခဲ့သော မြို့ဖြစ်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ နှင့် ဘာသာရေး အဆောက်အဦး များ ပေါများသော အရပ်ဒေသဖြစ်သည်။
ပုဂံ ဟူသောဝေါဟာရ ကို ဆန်းစစ် သည့်အခါ ပျူလူမျိုး များ တည်ထောင်သည့် ရွာ ဖြစ်သည့်အတွက် 'ပျူဂါမ’ နောက်တွင် ‘ပုဂါမ’ ၊ 'ပုဂါမ်' ယင်းနောက်တွင် မှ တဖြည်းဖြည်း 'ပုဂံ’ ဟု ခေါ်ဝေါ် သုံးစွဲလာကြသည် ဟု ဆိုကြသည်။ ယနေ့ ခေတ်တွင် မြန်မာနိုင်ငံ ခါ လူသိများသော အထင်ကရ နေရာ တစ်ခု ဖြစ်လာပြီး ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လည်ပတ် ကြည့်ရှုသော ဒေသတစ်ခု အဖြစ် ထင်ရှားလာခဲ့သည်။ ပုဂံဘုရားများကို စတင် တည်ထားစဉ် ကတည်းကစ၍ ယခုအချိန်ထိဝတ်ပြု ကိုးကွယ်ရာနေရာ ဖြစ်သဖြင့် Living Heritage Site ဟုလည်း ခေါ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့ အစည်း တစ်ခု ဖြစ်သော ယူနက်စကိုက ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၆) ရက် နေ့တွင် ပုဂံဒေသ ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ်ပြုခဲ့သည်။ ယူနက်စကိုက သတ်မှတ် ခံဖို့ဆိုသည်မှာ လူသားတို့အတွက် အရေးပါမှု နှင့်အတူ ယဉ်ကျေးမှု၊ သမိုင်း၊ သိပ္ပံ နှင့်ပတ်သက် သော ထူးခြားသော အမှတ်အသား လက္ခဏာများ ရှိဖို့လို သည် ဟု ဆိုသည်။ ယူနက်စကို အဖွဲ့မှ ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် အဖြစ် သတ်မှတ် ထားသော နေရာမှာ မြန်မာနိုင်ငံတွင် နှစ်ခုရှိသည် ဟုတွေ့ရသည်။
ပုဂံဒေသတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများ ကို တွေ့မြင်နိုင် သလို စေတီပုထိုးများ ပေါ်တွင် တည်ဆောက် ရေးဆွဲထားသော နံရံပန်းချီၢ အင်္ဂတေပန်း၊ ဗိသုကာ လက်ရာများကိုလည်း လှပစွာ လေ့လာ မြင်တွေ့နိုင်သည်။
အယ်ဒီတာ
Ref: Wikipedia