မကြာချင်ဘူး … ကြာပါရစေ
အမိုက်မှောင်တွေ
မကြာချင်ဘူး
သစ္စာအလင်းတွေ
ကြာပါရစေ။
အိမ်မက်ဆိုးညတွေ
မကြာချင်ဘူး
အိမ်မက်လှညတွေ
ကြာပါရစေ။
စီဒီအမ် သက်တမ်း
မကြာချင်ဘူး
နန်းဒုက္ခ သက်တမ်း
ကြာပါရစေ။
စစ်ရှောင်သက်တမ်း
မကြာချင်ဘူး
ကိုယ့်အိမ်မှာကိုယ်
ကြာပါရစေ။
ကုန်ရေးနှုန်းတက်တာ
မကြာချင်ဘူး
လျှပ်စစ်မီးလာတာ
ကြာပါရစေ။
ဒေါ်လာစျေးတက်တာ
မကြာချင်ဘူး
ဆန်စျေးကျတာ
ကြာပါရစေ။
သားလေးလက်နက်ကိုင်တာ
မကြာချင်ဘူး
အသက်ရှင်နေတာ
ကြာပါရစေ။
သမီးလေးထောင်ကျနေတာ
မကြာချင်ဘူး
ဗျူတီပါလာသွားတာ
ကြာပါရစေ။
တော်လှန်ရေးလုပ်တာ
မကြာချင်ဘူး
အောင်မြင်မှုရတာ
ကြာပါရစေ။
စစ်မိစ္ဆာသက်တမ်း
မကြာချင်ဘူး
ဒီမိုကရေစီသက်တမ်း
ကြာပါရစေ။
စစ်ပွဲကာလတွေ
မကြာချင်ဘူး
ငြိမ်းချမ်းရေးအချိန်တွေ
ကြာပါရစေ။
အမုန်းသက်တမ်းတွေ
မကြာချင်ဘူး
အချစ်သက်တမ်းတွေ
ကြာပါရစေ။
ကမ္ဘာကြီးရေ ….
မကြာသင့်တာတွေ
မကြာစေဘဲ
ကြာသင့်တာတွေ
ကြာပါရစေ ကမ္ဘာကြီးရေ။
— Sawwai စောဝေ