သတင်းမီဒီယာ လွတ်လပ် ခွင့်ရရှိရေး
အမေရိကန် ပြည်ထောင်စုတွင် လူတိုင်း သတင်းနှင့် မကင်းနိုင်ပါ, ကမ္ဘာ အရပ်ရပ် တွင် ဖြစ်ပျက်နေ သမျှ သတင်း မျိုးစုံ ကိုဖြစ်စေ၊ ယုတ်စွအဆုံး မိုးလေဝ သတင်း ကိုဖြစ်စေ၊ သိရှိဖို့ သတင်းစာ ဖတ်ရှုရသည်။ ရေဒီယို နားထောင် ကြရသည်။ တီဗွီရုပ်သံလွှင့် ဖွင့်ကြည့်ကြရသည်။ iPhone ကြည့်ရသည်။
ကမ္ဘာအရပ်ရပ်တွင်သာမက စကြာဝဠာတခုလုံးမှ ဖြစ်ပျက်နေမှုများကို ဂြိုဟ်တုနှင့်ဆက်သွယ်နေသော Internet စနစ်၊ အီလက်ထရောနစ် သတင်း မီဒီယာ ဆက်သွယ်ရေး ကွန်ယက်မှ သတင်းမျိုးစုံကို အချိန်နှင့် တပြေးညီ ပေးပို့ ဖြန့်ချိလျက် ရှိသော ကြောင့် သတင်းမီဒီယာ သည် အလွန် အရေးပါသောလူထုဆက်သွယ်ရေး၏ အသက်ဖြစ်သည်ဟုဆိုရပါမည်။
ထိုသို့ သတင်း ရယူပေးပို့နေသူများမှာ အဓိကအားဖြင့် သတင်းသမား သတင်းထောက်၊ Journalist များဖြစ်ကြရာ ၎င်းတို့၏ အခန်းကဏ္ဏမှာလည်း အလွန်အရေးပါကြောင်း ထင်ရှားနေပါသည်။
သို့သော် ယခုအခါ သတင်း မီဒီယာ၊ သတင်းသမား သတင်းထောက်၊သတင်းစာဆရာများ သည် အများပြည်သူ့ အကျိုးပြု သတင်းမှန်များ ပေးပို့နိုင်ရေး အတွက် တာဝန်အရ ကြိုးပမ်း ဆောင်ရွက် ရာတွင် အခက်အခဲ အမျိုးမျိုး နှင့် ရင်ဆိုင် ကြုံတွေ့ ရသည့် အပြင် ဖမ်းဆီး သတ်ဖြတ်မှုများ၊ တိုက်ခိုက်မှု များ ပင် ခံနေ ကြရပါသည်။ ထို့ကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့် (Freedom of Press) ရှိဖို့နှင့် ဘေးကင်းလုံခြုံမှူရှိဖို့ အရေးတကြီး လိုအပ်နေပါသညါ။
မကြာသေးမီက (မေလ ၃ ရက် ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့် အထိမ်း အမှတ်နေ့) က အများပြည်သူလူထုကို သတင်း ပေးပို့ နေကြရသော သတင်းစာ ဆရာ သတင်း သမားတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ဤ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က သတင်းစာ လွတ်လပ်ခွင့်ကို ကာကွယ် ပေးရန်၊ သတင်းမီဒီယာ တာဝန်ထမ်းဆောင် လုပ်ကိုင် နေသူများ ကို လုံခြုံမှုပေး ရန်၊ အများ ပြည်သူကိုသတင်းမှန်ပေးရန် အရေးတကြီး လိုအပ်ကြောင်း၊ သတင်းမှား မဟုတ်မမှန် လုပ် ကြံသတင်း လိမ်များ ကို တိုက်ဖျက်နိုင်မှ သတင်းမှန် အဖြစ်မှန်ကို ဖော်ပြနိုင်မည် ဖြစ်ကြောင်း၊ သတင်းစာ လွတ်လပ်ခွင့် မရှိလျှင် လွပ်လပ်မှု ရှိနိုင် မည်မဟုတ် ကြောင်း; လွပ်လပ်စွာ ရေးသား ဖော်ပြနိုင်သော သတင်း မီဒီယာသည် လိုအပ်မှု တစ်ရပ် ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ ပါသည်။
သဘာဝ ပတ်ဝန်းကျင် အခြေအနေကို သတင်းယူ သတင်း ပေးပို့ကြသော သတင်းထောက် များသည် သတ်ဖြတ်မှူ တိုက်ခိုက်မှုများ ခံခဲ့ကြရသည်။ လွန်ခဲ့သည့် ၁၅ နှစ် အတွင်း၌ သတင်းထောက်များ တိုက်ခိုက်ခံရမှု အကြိမ် ၇၅၀ ခန့် ရှိခဲ့သည်ဟု ယူနက်စကို အဖွဲ့က ဖော်ပြသည်။
ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်က ဒီမိုကရေစီ လူ့ဘောင်အဖွဲ့ အစည်းများတွင် သတင်းစာ လွတ်လပ်ခွင့် ကို အထူးကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြရန် အရေးကြီးသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
စိုင်းသီဟ
နယူးယောက်မြို့