Asylum ဆိုတာ …
Asylum ဆိုတာ အမေရိကန်နိုင်ငံကို ရောက်လာပြီး ကိုယ့်ရဲ့ အမိနိုင်ငံကို ပြန်ဖို့ အကြောင်း တစ်စုံတစ်ရာ ကြောင့် ကြောက်နေကြတဲ့လူတွေ လျှောက်နိုင်တဲ့ Immigration Status တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ကိုယ်က Asylum အောင်ခဲ့မယ် ဆိုရင် အမေရိကန် အစိုးရဟာ ကိုယ့်ကို ကိုယ့်ရဲ့ အမိနိုင်ငံဆီ ပြန်မပို့တော့ပါဘူး။
Asylum အောင်ဖို့အတွက်
၁။ သင်ဟာနှိပ်စက် ခံထားရပါမယ် (သို့) ကိုယ့်ရဲ့ နိုင်ငံကို ပြန်ရင် နှိပ်စက်ခံ ရနိုင် ကြာင်း ယုံနိုင်စရာ ရှိတဲ့ အကြောင်းပြချက် ရှိရပါမယ်။
၂။ အဆိုပါ နှိပ်စက်ခံရမှု တွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေး၊ နိုင်ငံရေးနဲ့ အခြား ကိုယ်မပြောင်းလဲ နိုင်သော ကိစ္စ တစ်ခုခု ကြောင့် နှိပ်စက်ခံရတာ ဖြစ်ရပါမယ်။
၃။ ကိုယ့်နိုင်ငံရဲ့ အစိုးရဟာ ထိုနှိပ်စက်မှုကို ကိုယ်တိုင် ပြုလုပ်နိုင် သလို ထိုကဲ့သို့ နှိပ်စက်မှုတွေ ကနေ မကာကွယ် နိုင်တာ၊ မကာကွယ် ပေးချင်တာမျိုး လဲဖြစ်ရပါမယ်။
၄။ နောက်ဆုံး တစ်ခုကတော့ ကိုယ့်နိုင်ငံရဲ့ အခြား နေရာတစ်ခုကို ပြောင်းရွှေ့ သွားခဲ့ရင်တောင် လုံခြုံမှု ရှိနေမှာ မဟုတ်တာမျိုး ဖြစ်ရပါမယ်။
Asylum Process မှာ အဆင့် (၇) ဆင့်ပါရှိပါတယ်။
အဆင့် (၁) အမေရိကန် မြေပေါ်ကို အခြေချခြင်း
Asylum ဆိုတဲ့ နိုင်ငံရေး ခိုလှုံခွင့်ဟာ US မြေပေါ်ရောက်မှ လျှောက်လို့ ရတာ ဖြစ်ပါတယ်။ အလည်အပတ် ဗီဇာနှင့် လာတာဖြစ်ဖြစ်၊ ဥပဒေရေးရာနှင့် လာတာ ဖြစ်ဖြစ်၊ ကျောင်းသား ဗီဇာနှင့် လာတာ ဖြစ်ဖြစ် US မြေပေါ်ရောက်လျှင် Asylum လျှောက်လို့ ရပါပြီ။ US မရောက်သေးဘဲ နိုင်ငံရေး ခိုလှုံခွင့် လျှောက်တာ ကိုကျတော့ Refugee လို့ခေါ် ပြီး USRAP - US Refugee Admissions Program ကနေတဆင့် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
အဆင့် (၂) Asylum Case လျှောက်ထားခြင်း
Asylum လျှောက်ဖို့ဆိုလျှင် US ကို ရောက်တဲ့နေ့ကနေ ၁ နှစ်အတွင်း I-589 Asylum Application Form ဖြည့်ပြီး Online မှသော် လည်းကောင်း၊ State အလိုက် သက်ဆိုင်ရာရုံးကို စာအိတ်ပို့၍ သော်လည်းကောင်း လျှောက်ပေးရပါတယ်။ အကယ်၍ ၁ နှစ် ကျော်သွား ခဲ့ရင်တောင် Exception တွေတင်ပြပြီး လျှောက်လို့ ရပါသေးတယ်။ သို့သော် ကံမကောင်းလို့ Exception Criteria မပြည့်မှီခဲ့ရင်တော့ Immigration and Nationality Act - INA section 208(a)(2)(B) အောက်မှာ Ineligible ဆိုပြီး ပယ်ချ ခံရနိုင်တဲ့ အတွက် စောစော လျှောက်သင့် ပါတယ်။ |-589 ကို သက်သေ စာရွက်စာတမ်းများနှင့်တကွ တင်ပေးပြီးလျှင် USCIS ကနေ Application Form လက်ခံရရှိကြောင်း Case Receipt Letter နှင့် လက်ဗွေ နှိပ်ဖို့ Biometric Appointment Letter ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။
အဆင့် (၃) လက်ဗွေနှိပ်ခြင်းနဲ့ Background Check
USCIS ရဲ့ Biometric Appointment Letter ရပြီ ဆိုလျှင် ဒီစာရွက်နဲ့ တကွ Passport ယူပြီး သူတို့ သွားခိုင်းတဲ့ လိပ်စာမှာ လက်ဗွေ နှိပ်ရပါမယ်။ ထို့နောက် အစိုးရ က ကိုယ့်အကြောင်း ကို ပိုက်စိပ်တိုက် Background စစ်တော့မှာ ဖြစ်ပါတယ်။
အဆင့် (၄) USCIS မှ Interview ရက် ချပေးခြင်း
ကိုယ်နေတဲ့ နေရာပေါ် မူတည်ပြီး USCIS Asylum Office နဲ့ Field Office ရုံးတွေမှာ သူတို့ရဲ့ Case Load အလုပ်ဝန်၊ Priority Level တို့အပေါ် မူတည်ပြီး Interview ရက် ချပေးပါမယ်။ Interview စောမလား၊ နောက်ကျမလား ဆိုတာက ကံပေါ် အများကြီး မူတည် သလို ကိုယ့်ရဲ့ State အလိုက် Asylum Office ရွေးချယ်မှု ကလည်း စကားပြောပါတယ်။
အဆင့် (၅) Interview ဖြေဆိုခြင်း
Asylum Interview မှာ ကိုယ့် ရှေ့နေ (သို့) ရှေ့နေအာဏာပိုင် Immigration ပညာရှင်တွေဖြစ်တဲ့ Accredited Representative တွေ လိုက်ပေးလို့ ရပါတယ်။ I-589 Application Form ထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ကလေးတွေ ဖြည့်ခဲ့ရင် သူတို့ကိုပါ ခေါ်လာရပါမယ်။ အကယ်၍ English ကို မပိုင်နိုင်လျှင် ဘာသာပြန် ခေါ်လို့ ရပါတယ်။ ပုံမှန် Interview များဟာ ၁ နာရီကနေ ၃: ၄ နာရီလောက်ထိ ကြာတတ်ပါတယ်။
အဆင့် (၆) Eligibility ဆုံးဖြတ်ပြီး Supervisory Asylum Officer က အတည်ပြုခြင်း
Asylum အောင်ဖို့ဆိုလျှင် USCIS ရဲ့ နိုင်ငံရေး ခိုလှုံခွင့် ရှိသူဆိုတဲ့ Definition ပြည့်မှီရပါမယ်။ Interview လုပ်ခဲ့တဲ့ Ofiicer က အချက် ၃ ချက် ဖြစ်တဲ့ - Asylum လျှောက်ခွင့် Eligibility ရှိမှု INA Section 101(a)(42)(A) အောက်မှာရှိတဲ့ နိုင်ငံရေးခိုလှုံခွင့်ရှိသူ Definition ကိုက်ညီမှု INA Section 208(b)(2) ဥပဒေ အောက်က Asylum လျှောက်ခြင်း ပိတ်ပင်ခံထားရမှု ရှိ မရှိ ကိုဆုံးဖြတ်ပါတယ်။ ပြီးမှ ဒီဆုံးဖြတ်ချက်တွေကို အထက်မှ Supervisory Asylum Officer က ဥပဒေ ကိုက်ညီမှု ရှိ မရှိ အတည်ပြုပေးတာပါ။ Case ပေါ်မှုတည်ပြီး ဆုံးဖြတ်ချက် ခက်ခဲလျှင် USCIS Headquarters ကို ထပ်မံ သုံးသပ်ဖို့ ပို့ပေးရပါတယ်။
အဆင့် (၇) ဆုံးဖြတ်ချက် လက်ခံရရှိခြင်း
Case အများစုမှာ Interview Date ကနေ ၂ ပတ်အတွင်း Decision ရရှိပါတယ်။ Mail နဲ့ ပို့တာများပြီး USCIS Asylum Office မဟုတ်ဘဲ Field Office (ရုံးခွဲ) မှာ |nterview ခဲ့ရတာမျိုး၊ Security Check ကြာတာမျိုး၊ USCIS Headquarters ကို ပို့ရတဲ့ Case မျိုးဆိုလျှင် ပိုမို နှောင့်နှေးနိုင်ပါတယ်။